တစ်ခါတုန်းက .....
တက္ကသိုလ်မှာ
အခန်းဖော် ကွယ်လွန်လေသူက
ပထမနှစ်တက်စ ၁၉၈၅ ခု၊ ဒီဇင်ဘာလ ၂၄ ရက်
မှတ်မှတ်ယယ ခရစ်စမတ်အကြိုညမှာ
သီချင်းတွေ အော်နေယင်း
မင်းနဲ့ ငါ ဘယ်သူ သီချင်းဆိုတတ်လဲ
စစ်ကိုင်းဆောင် အောက်ထပ် ရှေ့တန်းက
ပထမနှစ်ဥပဒေ ကျောင်းသားတွေရဲ့
မဲကောက်ရအောင်တဲ့ .....
ကျွန်တော်လေ
အဲဒီတုန်းက
ရီနေလိုက်ပါတယ် .......
ဂီတာ အသံမည်ရုံနဲ့ အသံထွက်ရုံဘဲ
သီချင်းဆိုတတ်တာကိုးဗျ .....
အရေးအခင်းပြီးစ ၁၉၉၁ ခုမှာ
ကျောင်းထဲကနေ
အပြင်က ဘဝများစွာကို
မတူတဲ့လမ်းတွေမှာ
လျှောက်ပြီး ဂန့်ဂေါ်တောကို
ပြန်ရောက်လာတဲ့အခါ
သူဌေးလိုလိုနဲ့ သူငယ်ချင်းဆိုတာကို
မေ့သွားတဲ့သူတွေ .....
လမ်းကြောင်းမတူ ၊ ရန်သူလိုမြင်လာတဲ့
ကျောင်းတကျော့ပြန်တွေနဲ့
မင်း ဒါတွေကို မသိပါဘူးဆိုတဲ့
ဆရာလို သူယောင်မောင်တွေ ကြားမှာ
ငါဟာ
မြို့ထဲရောက်တဲ့ တောကျီးကန်းပါဘဲ ......
ကျောင်းတွေပြီးလို့
ဘဝတွေဖြတ်သန်းကြ .....
နေရာဌာနတွေ ပြောင်းသွားကြ .....
ကျွန်တော်လည်း
အဖေ့ဆန္ဒအရ
တရားသူကြီးဖြစ်ခဲ့ရ .....
အားလုံးဟာ
အရင်က
ဘာတွေ ပြောပြော ....
ဘာတွေ လုပ်ခဲ့ လုပ်ခဲ့ ....
ကိုယ့်လမ်းပေါ်မှာ ကိုယ်လျှောက်နေကြချိန်မှာတော့
သတိယမိလာတယ်။
တစ်ခါတုန်းက
အရောင်မရှိခဲ့တဲ့ ဘဝတွေကို
အပူအပင်မဲ့စွာ ဖြတ်သန်းခဲ့စဉ်က
မှတ်တိုင်တိုင်းမှာ
သမိုင်းတွေ ရှိနေခဲ့တာကိုး .....
အားလုံးမှာ
တစ်ခါတုန်းက ဆိုတာ ရှိခဲ့မှာပါ .....
၁၉.၈.၂၀၁၄
လားရှိုးမြို့
Tuesday, August 19, 2014
Subscribe to:
Post Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ယာယီတာဝရမ်း Temporary Injunction တရားမကျင့်ထုံး ဥပဒေ အမိန့် ၃၉ ယာယီတားဝရမ်းအား တရားမကြီးမှုတွင် လျှောက်ထားလာပါက ထိုအမှုတွင်သာ ဆောင်ရ...
No comments:
Post a Comment