Monday, October 20, 2014

စိတ်ကောင်းရှိဖို့က ပထမ ....

ဒီဆောင်ပုဒ်လေး
ကျွန်တော် ငယ်ငယ်က
အရှင်ဇနကာဘိဝံသရဲ့ တရားစာအုပ်လေးကို
ဖတ်ရင်းနဲ့
စိတ်ကောင်းရှိဖို့က ပထမ ဆိုတဲ့
စာသားလေးကို တွေ့မြင်သိခဲ့ရတယ်။

ကျွန်တော်က ငယ်တဲ့
ဘုရားစာသင်နေတုန်း ဆိုတော့
သာမန်ဘဲ တွေးခဲ့တယ် ...
ဒါက လူတွေမှာ
အဲဒီခေတ်က
ရှိနေတဲ့ စိတ်နေသဘောထား ဆိုပြီး
သိပ် မထူးဆန်းသလိုနဲ့ နေခဲ့တယ် ။

ရန်ကုန်တက္ကသိုလ်ကို ၁၉၈၅ ခုနှစ် ဒီဇင်ဘာမှာ
ဥပဒေပညာသင်ဖို့
ရောက်ခဲ့တယ် ....
စစ်ကိုင်းဆောင်မှာ ပထမနှစ်နဲ့
ကျန်အတန်းတွေကို အင်းဝဆောင်မှာ
နေခဲ့ရတယ် .......

နယ်ဝေးက တောကျီးကန်း သူငယ်ချင်းတွေ .....
ရန်ကုန်က မြို့ကျီးကန်း သူငယ်ချင်းတွေ ......
တခြားဘာသာရပ်က သူငယ်ချင်းတွေ ......
ငယ်ငယ်တုန်းက ရန်ကုန်က ပြီးတော့ တောင်ငူက သူငယ်ချင်းတွေ .....
မန္တလေးက သူငယ်ချင်းတွေနဲ့
လူတွေအမျာကြီး ဆုံတွေ့လာခဲ့ရင်း .....

ပထမနှစ် ရှမ်းပြည်နယ်နေ့က ဝိဇ္ဇာခန်းမရှေ့က ရန်ပွဲ .....
ဒုတိယနှစ် ၂၅၊ ၃၅၊ ၇၅ သေဆုံးတဲ့ အော်သံများ ......
၁၉၈၈ မတ်လ နဲ့ ဇွန်လ မှာ တွေ့ရတဲ့ ယုံကြည်သူများရဲ့လမ်းတွေ .....

ပြိးတော့ ၁၉၉၁ ခုနှစ် ကျောင်းပြန်ဖွင့်တော့
လူဝန်းကျင် ပေါင်းစုံ၊ ဘဝများစွာ ဖြတ်သန်းခဲ့တဲ့
သူငယ်ချင်းများကို ပြန်တွေ့တဲ့အခါ .....
စိတ်ကောင်း စေတနာကောင်း၊ ရိုးသားခြင်း၊ ဖြူစင်ခြင်း၊
လေတဲမှာ လွင့်မျောနေတဲ့  ဆေးလိပ်မီးခိုးလိုဘဲ ......

တစ်ည အင်းဝဆောင် အခန်း - ၁၁၁ မှာ လန့်နိုးလာပြီး
ဇောချွေးများနဲ့ ကျွန်တော့်ကို
အခန်းဖော် တရုတ်ကြီးက
မင်းဘီရိုဘေးက
စိတ်ကောင်းရှိဖို့က ပထမ ကို
ဖြုတ်လိုက်တော့တဲ့ .....

သတိယမိတဲ့ သူငယ်ချင်းများသို့

လားရှိုးမြို့
၂၀. ၁၀. ၂၀၁၄ တနင်္လာနေ့

Friday, October 3, 2014

သံလွင်ချောင်းခြားဆိုတဲ့သီချင်းအတိုင်း

၂၇.၉.၂၀၁၄ ရက်နေ့က
ကျွန်တော်လေ သိန်းနီ၊ ကွမ်းလုံ မှတစ်ဆင့် ဟိုပန်ဖက်ကို ရောက်ခဲ့တယ်...

ဟိုပန်မြို့နယ်တရားရုံးမှ အနောက်ဖက်မြင်ကွင်း

ကွမ်းလုံမြို့အထွက် သံလွင်မြစ်နဲ့ အရှေ့ရှမ်းရိုးမ
ကင်မရာက LEN Auto Mode က ကြောင်သွားလို့
ကြည်လင်ပြတ်သားမှု နည်းနည်းလိုသွားတယ် .....

လားရှိုးမြို့
၃.၁၀.၂၀၁၄

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ