Tuesday, January 7, 2014

For New Tomorrow မနက်ဖြန်သစ်အတွက်



မနက်ဖြန်သစ်အတွက်
နေ့တစ်နေ့ရဲ့ညနေခင်းပိုင်းမှာ အဝေးက ဖုန်းတစ်ခုမည်လာတယ်…………
စိတ်ဓါတ်ကျနေတဲ့ တပည့်တစ်ယောက်ဆီက ၀မ်းနည်း စိတ်ဓါတ်ကျတဲ့ ပဲ့တင်သံတစ်ခု………..
သူ့ကို မေးမိတယ်…….. ဘာအကြောင်းတွေလဲ…….. ဘာတွေဖြစ်နေတာလဲ………..
သူ့ရောက်နေတဲ့ ဒေသရဲ့အခြေအနေ…. သူ့ရဲ့အလုပ်တွေ……… ဘယ်လောက်ကြာနေလဲ………
အားလုံးကို မေးပြီးမှ ပြောခဲ့တာက…….
မင်းရှိနေတဲ့ဒေသက ငြိမ်းချမ်းတယ်……. အလုပ်လည်းပါးတယ်……… လစာနှစ်ဆစားရတယ်……….
ငါရှိနေတဲ့နေရာလေးမှာ ငြိမ်းချမ်းသလိုဘဲထင်ရတယ်…… လမ်းကို သတိနဲ့သွားရတယ်……….
တစ်ချိန်က မင်းအရွယ်မှာ
ငါ့ရဲ့သူငယ်ချင်း နေမကောင်းတဲ့အချိန် ဆေးဘိုးမရှိလို့ ငွေချေးပြီး ဆေးထိုးရတယ်……
တစ်ချိန်က မင်းအရွယ်မှာ
ငါလေ ကချင်မြေမှာ ကျောက်လမ်းတွေပေါ် သွေးခြေဥမတတ် လမ်းလျှောက်ခဲ့ရတယ်…………
ချင်းတောင်ပေါ် နှင်းမှုန်တွေကြားမှာ ဆိုင်ကယ်ပေါ်မောင်းရင်း အိပ်ပျော်သွားဖူးတယ်……….
အခုရှမ်းပြည်မှာ စိမ့်အေးတဲ့ ကျောက်လမ်းကြမ်းပေါ် သေနတ်ကိုင်တဲ့ အမြန်မောင်းနေတဲ့ ကားတွေကို
ရှောင်ရင်း ညဖက်ဆိုင်ကယ်နဲ့ အဝေးရုံးကို သွားရတယ်………
အမေ့အိမ်ကို တစ်နှစ် တစ်ခေါက်မရောက်ခဲ့နိုင်ဘူး…………
ငါတို့ မင်းတို့ဟာ ၀န်ထမ်း………
ဝန်တွေကို ထမ်းတဲ့အခါ ……….
နိုင်ရင်လည်း ထမ်းရမယ်…… မနိုင်ရင်လည်း ထမ်းရမယ်………
လမ်းတစ်ဝက်ကနေ ပြန်လှည့်လို့မရဘူး…………
စိတ်ဓါတ်လည်းကျလို့ မရဘူး………… ငိုနေလို့လည်း မရဘူး………
ငြင်းဆန်လို့လည်း မရဘူး………… ခေါင်းရှောင်လို့လဲမရဘူး…………
ရင်ဆိုင်ဖြေရှင်းရင်းနဲ့……… စီမံဆုံးဖြတ်ရင်းနဲ့………
ငါတို့ရဲ့ဘ၀ မနက်ဖြန်တိုင်းအတွက် အားအင်သစ်ကို ရင်မှာထည့်ပြီး ဆက်လျှောက်နေရမယ်………
တစ်နေ့ကျရင်
မင်းတို့ ငါတို့ရဲ့ အနာဂတ်ကောင်းတစ်ခုရောက်လာမှာပါ………

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ