Monday, August 13, 2018

တရုတ်ပြည်သို့ တစ်ခေါက်

၂၀၁၈ အာရှနိုင်ငံများမှ တရားသူကြီးများ ဆွေးနွေးပွဲ - 2018 Seminar for Judges of Asian Countries တက်ရောက်

နေပြည်တော်  သြဂုတ် ၂
 ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့ အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့နှင့် ဇူလိုင်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ အထိ ပေကျင်းမြို့ရှိ အမျိုးသားတရားသူကြီးများကောလိပ်တို့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၈ အာရှနိုင်ငံများမှ တရားသူကြီးများ ဆွေးနွေးပွဲ - 2018 Seminar for Judges of Asian Countries သို့ တက်ရောက်ပါသည်။

 အဆိုပါဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ လမ်းတစ် သွယ်၊ ရပ်ဝန်းတစ်ခု အခြေအနေ၊ တရားစီရင်ရေးစနစ်နှင့် တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြားသားများပါဝင်သည့် ရာဇ၀တ်မှုများ စီရင်မှုနှင့် အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး အကူအညီပေးရေး တို့အား ရှင်းလင်းပြီး၊ တက်ရောက်လာသော ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးကြခြင်း ဖြစ်ပါသည်။


အဆိုပါဆွေးနွေးပွဲများသို့ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းထွန်းက ဦးဆောင်၍ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးတင်အောင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်နှင့် ဒေါ်သီသီဦးတို့ တက်ရောက်ခဲ့ပြီး၊ အာရှ (၆) နိုင်ငံမှ ကိုယ်စားလှယ် စုစုပေါင်း (၃၀) ဦး တက်ရောက်ကြပါသည်။

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ