Monday, June 30, 2014

I wanna write more about myself .... whenever I have time......

နေကောင်းလား
ထမင်းစားပြီးပြီလား
ဘယ်သွားမလို့လဲ
တစ်ယောက်ထဲလား
ဘာဝယ်မှာလဲ

ငါမဖြေချင်သော  နှုတ်ဆက်စကားများ

လုပ်နိုင်ရဲ့လား
ပြောတာကို နားထောင်ပါ
ဘာကြည့်နေထာလဲ
နားလည်ရဲ့လား

ငါ မကြားချင်သော နံရံပေါ်ကစကားများ



မရေးတာလည်း ကြာနေပြီ ..... နည်းနည်းတော့ရေးဦးမှ

ဆရာများစွာ တွေ့ကြုံစဉ်က

ကလေးဘ၀က
ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ပါ

တက်ကသိုလ်ရောက်တော့
ပြောတစ်လှည့် ဆိုတစ်ခါနဲ့ဘဲ

အလုပ်ထဲဝင်တော့
အသုံးမကျဘူး တော်လိုက်တာ (အမျိုး)

တစ်ယောက်ထဲ ရုန်းကန်နေချိန်ကျတော့
စာအုပ်တွေနဲ့ နပမ်းလုံးလို့ပေါ့

ဆရာများစွာ သုံးသတ်တဲ့အခါ

ဆဲဆိုတာကို လက်နက်လိုနဲ့
အပြောချိုချို နဲ့ နားလည်မှုနဲ့
မပြောမဆို မျက်နှာထားဆိုးဆိုးနဲ့
အပြုံးလေးနဲ့ စကားချိုနဲ့
အမျိုးမျိုးပါဘဲ

မြင်ရကြားရ ကြုံရဖန်များလာတော့

စာတတ်တယ် မသင်ပေးဘူး
စာတတ်တယ် သင်တတ်တယ်
စာမတတ်ဘူး သင်တတ်တယ်
စာလည်းမတတ် သင်လည်းမပေး.......

၃၀.၆.၂၀၁၄ တနင်္လာနေ့ ၀၉း၀၀

Saturday, June 21, 2014

ဘ၀ရဲ့ အရွှေ့အပြောင်း မှတ်တိုင်တစ်ခု....


ရှမ်းတောင် လင်းခေးကနေ ရှမ်းမြောက် လားရှိုးကို ပြောင်းလာရတယ်။

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ